Monday, 12 October 2015

လေပြေအလာမှာ
ရီးလေးလေးခိုသွားတဲ့
အတွေးတွေက
ချစ်သူဆီရောက်ရောက်သွားတယ်...
ဖြေသာစရာ
အလွမ်းတွေသာပိုင်သာမို့
အလွမ်းတေးတွေ
လေပြေနဲ့အတူပါးလိုက်ပါရစေ....
အနေဝေးနေသူတွေမို့
သတိရခြင်းတွေနဲ့
စိတ်ချင်းနီးနေရတာ
တိတ်တခိုးအပြုံးတွေက
သက်သေမွန်တွေပဲလား................
လေပြေရေ....
ချစ်သူလေးကို
သတိရလွမ်းဆွတ်လွန်းတာမို့
တမ်းတအနမ်းတွေ
နွမ်းလျအလွမ်းတွေ
ချစ်သူဆီအရောက်ပို့ပေးပါလားနော်.......

No comments:

Post a Comment