Thursday, 3 December 2015

ဟေမန် နွေလှန်လို့ တုန့်ပြန်တော့၊
ဗွေသဟံ ဝေယမ် အုံ့ဆီက
လေပြန်လှုံ့ ဆော်ခဲ့ပြီ။
ပင်ပေါ်ထက်၊ ရော်ရွက်ဝါ ထိန်ဝေနှင့်၊
ခါဂိမှေ သည်တခေတ်တွင်မှ၊
ညှာလိမ်ကြွေ တမည် သစ်မည်ကြောင့်၊
အသစ်တွေ ထွေကာ စုပါလို့၊
ပုရစ်ခွေ တမာနုမှာကွယ်၊
ကျေးဥ စီစီ။
ခင်တန်းလျှို သပြေပင်က၊
ရွှေသဇင် သုတ်လေနှော ပြန်တော့၊
နေဝင်လျှင် ဘုတ်တွေရောပါလို့၊
ဥုတ်ရွှေသြရယ်က တွန်သံချီ၊
ဌာနီနှင့် ကွာဝေး။
ဖန်ခါခါ၊ လမ္ဗရာစည် ဍိဏ္ဍိပေမို့၊
ဝသန်မှာ ဆည် မချိပြီဘု၊
ပူမိသည် မှော်ရဂုံက၊
တော်ကဆုန် ညောင်ရေသွန်းချိန်မို့၊
ဖေါ်မစုံအောင် မြေကွန်းဆီသို့၊
လွမ်းလိုက်လှသေး။
(ဦးကြော့)

No comments:

Post a Comment