Monday, 12 October 2015

December

ဒီ ဇင် ဘာ လွမ်း တေး
~~~~~~~~~~~
တ ဖွေး ဖွေး ကျ နေ တဲ့
နှင်း ဖွေး တွေ ကို သက် သေ ပြု လျက်
ဒီ ဇင် ဘာ လွမ်း တေး
ဖွဲ့ သီ ခွင့် ပြု ပါ.....ချစ် သူ.....
အ ရိုး ထဲ ထိ အေး တဲ့
ဒီ ဇင် ဘာ ဆောင်း မှာ
ရိုး မြေ ကျ သည် ထိ
နှ လုံး သား ထဲ မှာ
ချစ် သူ့ ပုံ ရိပ် တွေ စွဲ ကျန် စေ မယ့်
ချစ် သူ ကို ချစ် မိ ခဲ့ ရ တာ
ဒီ ဇင် ဘာ လွမ်း တေး
သက် သေ ပါ.....ချစ် သူ.....
ဒီ ဇင် ဘာ နှင်း တွေ နဲ့ အ တူ
ငါ့ လက် ၀ဲ ရင် အုံ မှာ
တက် တူး ထိုး ထား သ လို
ချစ် သူ ပဲ စွဲ မြဲ ရှိ နေ မှာ
ဒီ ဇင် ဘာ လွမ်း တေး
သက် သေ ပါ.....ချစ် သူ.....
အ ချစ် များ စွာ နဲ့
ရစ် သီ ချုပ် ထား ခဲ့ ရ တဲ့
ငါ့ အ သည်း နှ လုံး က လည်း
နှင်း ဖွေး ဖွေး ဒီ ဇင် ဘာ ၀တ် ရုံ လွှာ မှာ
ချစ် သူ ကို မျှော် နေ ရ တာ
ဒီ ဇင် ဘာ ဆောင်း များ စွာ မှာ
လွမ်း တေး တွေ
တစ် ကုံး ပြီး တစ် ကုံး သီ နေ ရ ဆဲ ပေါ့.....ချစ် သူ.....
အ နာ ဂတ် ဒီ ဇင် ဘာ ဆောင်း တစ် နေ့ နေ့
ပြန် ဆုံ မယ့် မျှော် လင့် နှင်း တွေ တစ် ဖွဲ ဖွဲ ကျ ရင်း
အ တိတ် က ပျော် ရွှင် ခဲ့ ရ တဲ့
ဒီ ဇင် ဘာ ချစ် ခြင်း ပုံ ရိပ် တွေ
နှင်း ဝေ တဲ့ ဒီ ဇင် ဘာ တိုင်း ပုံ ဖော် ငေး ရင်း
ချစ် ဖူး ခဲ့ သ မျှ တွေး
မျှော် လင့် သ မျှ ဆွေး ရ တဲ့
နှင်း ဝေ တဲ့ ဒီ ဇင် ဘာ လွမ်း တေး ပါ ..... ချစ် သူ.....
Snow Hninn

လေပြေအလာမှာ
ရီးလေးလေးခိုသွားတဲ့
အတွေးတွေက
ချစ်သူဆီရောက်ရောက်သွားတယ်...
ဖြေသာစရာ
အလွမ်းတွေသာပိုင်သာမို့
အလွမ်းတေးတွေ
လေပြေနဲ့အတူပါးလိုက်ပါရစေ....
အနေဝေးနေသူတွေမို့
သတိရခြင်းတွေနဲ့
စိတ်ချင်းနီးနေရတာ
တိတ်တခိုးအပြုံးတွေက
သက်သေမွန်တွေပဲလား................
လေပြေရေ....
ချစ်သူလေးကို
သတိရလွမ်းဆွတ်လွန်းတာမို့
တမ်းတအနမ်းတွေ
နွမ်းလျအလွမ်းတွေ
ချစ်သူဆီအရောက်ပို့ပေးပါလားနော်.......